Tuesday 11 October 2011

blogspot.com မှ co.cc ပြောင်းနည်း

          တိုးတက်လာတဲ့ အင်တာနက်ခေတ်မှာ ဆိုရှယ်ဆိုဒ်တွေ အများကြီးပေါ်ပေါက်လာသလို ကိုယ်ပိုင်ဖန်တီးထားတဲ့ ဘလော့ ဆိုဒ်များလဲ အများအပြားထွက်လာတာကိုတွေ့နေရပါတယ်။ စာဖတ်တာ ၀ါသနာပါသူများကတော့ ထိုဆိုဒ်တွေမှာ လိုက်ပြီး ဖတ်ရှုကြသလို ကိုယ်တိုင်ရေးသားတတ်သူတွေလဲ ရှိနေပါတယ်။ မိမိတို့ရဲ့ ဖန်တီးထားမှုများကို ကိုယ်ပိုင် ဆိုဒ်တစ်ခုတည်ဆောက်ပြီး ဖန်တီးလိုသူများက ပိုက်ဆံပေးစရာမလိုတဲ့ ကိုယ်ပိုင်ဒိုမိန်းလေးတွေ ယူပြီးဖန်တီးတတ်ကြပါတယ်။ ဒါပေမဲ့ www.blogspot.com ဟာ မြန်မာနိုင်ငံက လူတွေ အတော်များများ ပုံမှန် proxy နဲ့ဝင်ကြည့်လို့မရတတ်ပါဘူး။ ကျော်ခွပြီး ၀င်တတ်မှသာ တစ်ခါတစ်ရံဝင်လို့ရတာပါ။ ဒါကြောင့် များသောအားဖြင့် မိမိဆိုဒ်ကို နေရာစုံ နိုင်ငံစုံက ဖန်တီးလို့ရအောင် co.cc ဒိုမိန်းနဲ့ ပြောင်းပြီးဖန်တီးတတ်ကြပါတယ်။ ဒါကြောင့် မိမိရဲ့ ဘလော့တွေကို ဒိုမိန်းပြောင်းချင်သူများအတွက် (co.cc သို့) ရည်ရွယ်ပြီး ဒီပိုစ့်လေးကို တင်ပြတာပါ။ သိပြီးသား သူငယ်ချင်းတွေလည်း အများကြီးရှိပါတယ်။ ဒီလူတွေကို ဆရာလုပ်ချင်တာ မဟုတ်ပါဘူး။ တကယ်လို့ မသိသေးတဲ့သူတွေ ရှိခဲ့ရင် အထောက်အကူဖြစ်အောင် တင်ပြပေးခြင်းဖြစ်တယ်ဆိုတာ ကောင်းကင်မောင်နှမတွေ နားလည်နိုင်ပါစေ လို့ ။။။

ပြုလုပ်ပုံ အဆင့်ဆင့် ..

၁. http://www.co.cc/  မှာ Accountတစ်ခု Register လုပ်ပါ။

၂. မိမိ Account ကို SignIn ၀င်ပါ... 'Domain Setting' ကို ရွေးပါ... မိမိ နှစ်သက်ရာနာမည်နဲ့  'Domain' နာမည် တစ်ခု Create လုပ်ပါ... မိမိနှစ်သက်ရာ နာမည်တစ်ခု (blogspot က နာမည်အတိုင်းပေးချင်လဲ ရပါတယ်)။ ဒီအကောင့်က blogspot.com ကနေပြောင်းဖို့ ပြုလုပ်မှာဖြစ်တဲ့အတွက် မိမိနှစ်သက်ရာ နာမည်နဲ့ ဘလော့တစ်ခု ဖန်တီးထားဖို့လိုအပ်ပါတယ်။ ..
ထို့နောက်  'Setup'ကို ရွေးပါ...

၃. Option သုံးခု ရှိတဲ့ထဲက ဒုတိယ Option ဖြစ်တဲ့  'Zone Record' ကို ရွေးရပါမယ်...

၎. 'Host' မှာ 'www.yourdomainname.co.cc' ကို ထည့်ပါ... (Domain Nameမှာ 'www' ပါရပါမယ်...)
'TTL'မှာ '1D'ကို ရွေးပါ...
'Type'မှာ 'CNAME'ကို ရွေးပါ...
'Value'မှာ 'ghs.google.com'ကို ထည့်ပါ...

၅. 'Setup' buttonကို Clickလုပ်ပါ... ဒါဆိုရင် မိမိBlogအတွက် Domainတစ်ခုရပါပြီ...

ဒီအဆင့် ပြီးတဲ့ အခါမှာတော့ မိမိဒိုမိန်းကိုပြောင်းဖို့အတွက် ၄၈ နာရီ (၂ ရက်) စောင့်ဖို့လိုပါတယ်။ ၂ ရက်ကြာမှသာ အောက်က အဆင့်များကို ဆက်လုပ်ရမှာဖြစ်ပါတယ်။

၆. Blogger Accoutကို Login ၀င်ပါ... 'Setting' ကို သွားပါ... 'Publishing' Tab ကို ရွေးပါ...

၇. 'Custom Domain'ကို ရွေးပါ... 'Switch to advanced settings'ကို ရွေးပါ...

၈. 'Your Domain'မှာ 'www.yourdomainname.co.cc' ကို ထည့်ပါ... Saveလုပ်ပါ...Blogကို CustomDomain CO.CCနဲ့ အသုံးပြုလို့ ရပါပြီ...
 ဒီအဆင့်တွေက သူငယ်ချင်းတစ်ယောက်ဆီမှ ကိုယ်တိုင်ပြုလုပ်ချင်တုန်းက မေးထားတဲ့ အတိုင်းဖြစ်တဲ့အတွက် မူရင်းပြုစုရေးသားသူကို မဖော်ပြနိုင်တာ ခွင့်လွှတ်ပါလို့။ ကောင်းကင်မောင်နှမများ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ရှင်။

မေတ္တာဖြင့်
အနာဂတ်ကောင်းကင် မိသားစု


Linux OS အကြောင်းနှင့် အသုံးပြုပုံ (မြန်မာလို)

Linux OS အကြောင်းကို မြန်မာလိုရှင်းပြထားပြီးတော့ အသုံးပြုပုံကိုလဲ အသေးစိတ် ရှင်းပြထားပါတယ် . စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်ကလေးပါ . စိတ်ပါဝင်စားမယ် ဆိုရင်တော့ ဖတ်သင့်ပါ. စမ်းချင်ရင်လဲ စမ်းလို့ရပါတယ် . လိုချင်ရင်တော့ အောက်မှာ
Download ifile.it | Mediafire | Ziddu | Megaupload

Excel 2007 မြန်မာလို


Excel 2007 မြန်မာလို ရေးထားတဲ့ စာအုပ်ပါ . ဦးဇော်လင်းရေးပေးထားတာပါ . အဝေးရောက် မြန်မာများ ဖတ်ချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ပါ . အားလုံးပဲ အဆင်ပြေ လိမ့်မယ်လို့ မျှော်လင့်ပါတယ် .

Book 1 >> Download ifile.it | Mediafire | Zshare | Ziddu | Megaupload
Book 2 >> Download ifile.it | Mediafire | Zshare | Ziddu | Megaupload

window registry အကြောင်း (မြန်မာလို)


window registry အကြောင်းကို အသေးစိတ် ရေးပေးထားတဲ့ စာအုပ်ကလေးပါ . အားလုံးကို ဖတ်စေချင်ပါတယ် . စာအုပ်လေးကလဲ ကောင်းလို့ တင်ပေးလိုက်ပါတယ်. အဆင်ပြေကြလိမ့်မယ်လို့ လဲ မျှော်လင့်ပါတယ် . အောက်မှာ Download လုပ်လိုက်ပါ . တစ်ခုအဆင်မပြေရင် နောက်တစ်ခုနဲ့ download လုပ်လိုက်ပါ .

Download mirrorcreator
www.mirrorcreator.com ကို bagan က ban ထားတယ်ထင်တယ် . အဲ့ဒီ့လူများအတွက် အောက်မှာ Download လုပ်လိုက်ပါ.


Download mediafire | Download ifile.it | Download filefactory | Download zshare | Download rapidshre | Download ziddu

Learning Web Design ( မြန်မာလို)


ဒါကတော့ ၀ဘ်ဒီဇိုင်းသမား တွေအတွက် သိသင့်တာလေးတွေကို ချပြထားတဲ့ စာအုပ်လေး တစ်အုပ်ပါ။ webdesign တည်ဆောက်ပုံတွေက အစ ရှင်းပြထားပါတယ် . အတော်လေး ကောင်းပါတယ်. သူငယ်ချင်းများလဲ စိတ်ဝင်စား ကြလိမ့်မယ်လို့  မျှော်လင့်ပါတယ် .


Download ifile.it | Mediafire | Zshare | Ziddu | Megaupload

Internet Security (မြန်မာလို)


မင်္ဂလာပါ ... ဆောင်းက သူငယ်ချင်းတို့အတွက် စာအုပ်လေးတွေ ဝေမျှချင်လို့..ကိုညီနေမင်းရဲ့ အကူအညီနဲ့ စာအုပ်လေးတွေကို လာတင်ပေးခြင်းပါ။ ဆောင်းက ခုမှ လေ့လာနေသူတစ်ယောက်ပါ .. ဆောင်းလိုပဲ.. ခုမှ စလေ့လာတဲ့ သူငယ်ချင်းလေးများ အဆင်ပြေအောင်လို့... ဆောင်းမှာ ရှိတဲ့ စာအုပ်လေးတွေကို မျှဝေပေးခြင်းဖြစ်ပါတယ်....ခု ဒီစာအုပ်လေးက ဆရာမျိုးသူရ ရေးသားထားတဲ့ Internet Security နှင့် ပတ်သက်တတာလေးတွေကို ရေးထားတဲ့ စာအုပ်လေးပါ.. လိုချင်တဲ့ သူငယ်ချင်းလေးများ အောက်က လင့်လေးတွေ အတိုင်း ယူသွားနိုင်ပါတယ်နော်.....


Download ifile.it | Download mediafire | Download zshare | Download ziddu | Download Deposite | Download rapidshare | Download hotfile | Download megaupload

Download mirrorcreator

Virus ရေးသားနည်း နှင့် ကာကွယ်ခြင်း


ကိုသန်းထိုက်(ရွှေရိပ်) ရေးထားတာပါ . virus နှင့်ပတ်သက်ပြီး သိသင့်သိထိုက်တာများကို ရေးထားပေးထားတာပါ . ဗိုင်းရပ်စ်ရေးသားပုံ ပုံစံနှင့် ကာကွယ်ပုံ ကာကွယ်နည်းကိုပါ ထည့်သွင်းဖော်ပြထားပါတယ် . virus ကတော့ အမျိုးအစား အများကြီးရှိပါတယ် . တစ်ယောက်နဲ့ တစ်ယောက်ရေးသားပုံချင်း မတူညီကြပါဘူး . တိုက်ခိုက်ပုံချင်းလဲ မတူညီကြပါဘူး . ကျွန်တော်တို့အနေနဲ့ကတော့ ကွန်ပျူတာနှင့် အင်တာနက်သုံးနေသမျှ ကာလပတ်လုံးကတော့ virus ဆိုတာကို မရင်းနှီးချင်လဲ ရင်းနှီးနေရမှာပါ . ရေးသားနည်းတွေကလည်း တစ်နေ့ထက်တစ်နေ့ တော်တော်လေး ပြင်းထန်လာတာတွေ့ရပါတယ် . အခုကာကွယ်နည်းကို ဖတ်ရင် ဗိုင်းရပ်စ်အားလုံးကို ထိန်းချုပ်နိုင်သွားပြီလားဆိုရင်တော့ မထိန်းချုပ်နိုင်ပါဘူးလို့ပဲ ပြောပြရမှာပါ . တစ်ချို့ virus တွေက antivirus program တွေကိုတောင် လှည့်စားနိုင်တဲ့ ပိတ်ဆို့ထားနိုင်တဲ့ virus တွေ အများကြီးပါ . ကျွန်တော်ဆိုလိုတာက ဒီစာအုပ်ကလေးကို ဖတ်ပြီးတော့ သိသင့်သိထိုက်တာတွေကို သိသွားစေချင်တဲ့ ဆန္ဒတစ်ခု တည်းပါ။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ .

Download ifile.it | Mediafire | Zshare | Ziddu | Megaupload